ရွှေတော်ဝင်ဆေးရုံ

ဆေးဝါးဝန်ဆောင်မှု (Pharmacy Service)

သင်၏ကျန်းမာရေးခရီးလမ်းတွင် မှန်ကန်သောဆေးဝါးဖြင့် အကောင်းမွန်ဆုံးသော ကုသမှုရလဒ်များရရှိစေရန် ရွှေတော်ဝင်ဆေးရုံ၏ ဆေးဝါးဝန်ဆောင်မှုက အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့၏ ဆေးဆိုင်သည် အရည်အသွေးမြင့်မားပြီး စိတ်ချယုံကြည်ရသော ဆေးဝါးများကို ကျွမ်းကျင်ဆေးဝါးပညာရှင်များ၏ တိကျသောလမ်းညွှန်မှုနှင့်အတူ ပံ့ပိုးပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ဆေးဆိုင် (Our Pharmacy)

  • ရွှေတော်ဝင်ဆေးရုံ၏ ဆေးဆိုင်သည် ဆေးရုံသို့လာရောက်ပြသသော ပြင်ပလူနာများနှင့် ဆေးရုံတက်ရောက်ကုသနေသော အတွင်းလူနာများအားလုံးအတွက် ပြီးပြည့်စုံသော ဆေးဝါးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူနာများ၏ ဘေးကင်းလုံခြုံမှုနှင့် ဆေးဝါးများ၏ အာနိသင်ထိရောက်မှုကို အထူးတန်ဖိုး ထားပါသည်။

ကျွန်ုပ်တို့၏ ဆေးဝါးဝန်ဆောင်မှုများ (Our Pharmacy Services)

  • ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများထုတ်ပေးခြင်း (Prescription Dispensing):

    • ပြင်ပလူနာများနှင့် ဆေးရုံတက်လူနာများအတွက် ဆရာဝန်၏ဆေးစာအတိုင်း တိကျမှန်ကန်စွာ ဖော်စပ်ထုတ်ပေးပါသည်။

  • ဆေးဝါးအသုံးပြုမှုနှင့် ပတ်သက်၍ အကြံပေးခြင်း (Medication Counseling):

    • ဆေးဝါးတစ်ခုချင်းစီ၏ အာနိသင်၊ သောက်သုံးရန်အညွှန်း၊ ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများနှင့် အခြားဆေးများနှင့် တွဲဖက်သောက်သုံးပါက ဖြစ်ပေါ်နိုင်သော အကျိုးသက်ရောက်မှုများကို ကျွမ်းကျင်ဆေးဝါးပညာရှင်များက အသေးစိတ်ရှင်းပြပေးပါသည်။

  • ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးဝါးများ (Over-the-Counter Medicine):

    • အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေး၊ အစာကြေဆေး အစရှိသည့် အိမ်သုံး၊ အရေးပေါ်ဆေးဝါးများကိုလည်း ရရှိနိုင်ပါသည်။

  • ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ (Medical Supplies & Health Products):

    • အားဆေးနှင့် ဗီတာမင်များ၊ အနာဆေးထည့်ပစ္စည်းများ၊ သွေးပေါင်ချိန်တိုင်းကိရိယာ၊ ဆီးချိုတိုင်းစက်နှင့် ဆက်စပ်ပစ္စည်းများ အစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများကိုလည်း တစ်နေရာတည်းတွင် ဝယ်ယူနိုင်ပါသည်။

  • အတွင်းလူနာများအတွက် ဝန်ဆောင်မှု (Inpatient Pharmacy Service):

    • ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက် ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို အချိန်မှန်၊ ဆေးအမှတ်မှန်၊ လူနာအမည်မှန်ကန်စေရန် အထူးဂရုစိုက်ပြီး သက်ဆိုင်ရာလူနာဆောင်များသို့ တိုက်ရိုက်ပို့ဆောင်ပေးပါသည်။

တည်နေရာနှင့် ဖွင့်လှစ်ချိန်

  • တည်နေရာ: ရွှေတော်ဝင်ဆေးရုံ၊ ဧည့်ကြိုကောင်တာအနီး။

  • ဖွင့်လှစ်ချိန်: ၂၄ နာရီ၊ တစ်ပတ် ၇ ရက်။

ဆေးဝါးများနှင့် ပတ်သက်၍ စုံစမ်းရန်

ဆေးဝါးများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • ဖုန်းနံပါတ်: ၀၉၇ ၉၉၉၉ ၂၃၄၂၊ ၀၉၇ ၉၉၉၉ ၂၃၄၃

သင်၏ကျန်းမာရေးခရီးတစ်လျှောက် မှန်ကန်သောဆေးဝါးဖြင့် အကောင်းမွန်ဆုံးသော ကုသမှုရလဒ်များရရှိစေရန် ကျွန်ုပ်တို့ အမြဲအသင့်ရှိနေပါသည်။