ရွှေတော်ဝင်ဆေးရုံ 

ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာ ဝန်ဆောင်မှု

လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးသော ဓာတ်ခွဲဝန်ဆောင်မှုကို ပေးအပ်ရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့၏ ဓာတ်ခွဲဌာန (Our Laboratory)

ရွှေတော်ဝင်ဆေးရုံ၏ ဓာတ်ခွဲဌာနသည် နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ်စက်ကိရိယာများကို အသုံးပြု၍ လူကြီးမင်းတို့၏ ကျန်းမာရေးအခြေအနေကို တိကျမှန်ကန်စွာ စမ်းသပ်စစ်ဆေးပေးနေသော အဓိကနေရာတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ယုံကြည်စိတ်ချရပြီး လျင်မြန်သော ဓာတ်ခွဲအဖြေများကို ပံ့ပိုးပေးခြင်းဖြင့် ကုသရေးဆရာဝန်ကြီးများအား လူနာအတွက် အကောင်းမွန်ဆုံးသော ကုသမှုနည်းလမ်းများကို ရွေးချယ်နိုင်ရန် ကူညီပေးရန် ဖြစ်ပါသည်။

ဆက်သွယ်ရန်

ရွှေတော်ဝင်ဆေးရုံ ဓာတ်ခွဲဌာန

  • ဖွင့်ချိန်: ၂၄ နာရီ၊ တစ်ပတ် ၇ ရက်

  • ဖုန်းနံပါတ်: ၀၉၇ ၉၉၉၉ ၂၃၄၂၊ ၀၉၇ ၉၉၉၉ ၂၃၄၃

  • တည်နေရာ: အမှတ်(၁၀/ဘီ)၊ ဦးဝိစာရလမ်း၊ (၄၁) တိုးချဲ့ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။

ဘာကြောင့် ရွှေတော်ဝင် ဓာတ်ခွဲဌာနကို ရွေးချယ်သင့်သလဲ။

  • တိကျမှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှု (Accuracy & Reliability): ကျွန်ုပ်တို့၏ ဓာတ်ခွဲဌာနသည် အရည်အသွေးထိန်းချုပ်မှုစနစ် (Quality Control) ကို တင်းကျပ်စွာလိုက်နာပြီး စက်ပစ္စည်းများကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သောကြောင့် ထွက်ပေါ်လာသောအဖြေတိုင်းသည် တိကျမှန်ကန်ပြီး အပြည့်အဝယုံကြည်စိတ်ချရပါသည်။

  • ခေတ်မီနောက်ဆုံးပေါ် စက်ကိရိယာများ (Modern Technology): ရောဂါရှာဖွေမှုကို ပိုမိုတိကျစေရန်နှင့် အချိန်တိုအတွင်း အဖြေရရှိစေရန်  နောက်ဆုံးပေါ် Automated Analyzer စက်ကြီးများကို အသုံးပြုထားပါသည်။

  • အတွေ့အကြုံရှိ ကျွမ်းကျင်ဝန်ထမ်းများ (Experienced Professionals): ကျွန်ုပ်တို့၏ ဓာတ်ခွဲဌာနတွင် အတွေ့အကြုံမြင့်မားသော ဓာတ်ခွဲပညာရှင်များ၊ သွေးရောဂါအထူးကု ဆရာဝန်ကြီးများနှင့် အဏုဇီဝဗေဒပညာရှင်များက လူကြီးမင်းတို့၏ နမူနာများကို ဂရုတစိုက် ကိုင်တွယ်စစ်ဆေးပေးလျက်ရှိပါသည်။

  • ကျယ်ပြန့်သော စစ်ဆေးမှုများ (Comprehensive Test Menu): အခြေခံသွေးစစ်ခြင်းမှသည် အထူးပြုကင်ဆာအမှတ်အသားများနှင့် ဟော်မုန်းစစ်ဆေးခြင်းများအထိ ကျယ်ပြန့်သော ဓာတ်ခွဲစမ်းသပ်မှုအမျိုးမျိုးကို တစ်နေရာတည်းတွင် အပြီးအစီး ရရှိနိုင်ပါသည်။

  • လျင်မြန်သော ဝန်ဆောင်မှု (Efficient Service): အလိုအလျောက်စနစ်များဖြင့် စစ်ဆေးမှုများပြုလုပ်သောကြောင့် လူကြီးမင်းတို့အနေဖြင့် ဓာတ်ခွဲအဖြေများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုဘဲ အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်ပါသည်။ အရေးပေါ်လူနာများအတွက်လည်း အထူးဦးစားပေး ဝန်ဆောင်မှုများရှိပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ (Our Services)

သင့်ကျန်းမာရေးအတွက် တိကျမှန်ကန်သော ရောဂါရှာဖွေမှုနှင့် ထိရောက်သော ကုသမှုများရရှိရန် ကျွန်ုပ်တို့၏ ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာ ဌာနက အဆင့်မြင့်နည်းပညာများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့်အတူ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဓာတ်ခွဲဌာနတွင် အောက်ပါစစ်ဆေးမှုများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်

သွေးပညာရပ်ဆိုင်ရာ စစ်ဆေးမှုများ (Hematology):

သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှား အရေအတွက် စစ်ဆေးခြင်း (CBC) သွေးအမျိုးအစား စစ်ဆေးခြင်း (Blood Grouping) သွေးခဲ/သွေးကျဲမှုဆိုင်ရာ စစ်ဆေးခြင်း (Coagulation Profile) ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone Marrow Examination)

ဇီဝဓာတုဗေဒဆိုင်ရာ စစ်ဆေးမှုများ (Clinical Biochemistry):

အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (Liver Function Test) ကျောက်ကပ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (Renal Function Test) ဆီးချို/သွေးချို စစ်ဆေးခြင်း (Glucose) အဆီဓာတ် စစ်ဆေးခြင်း (Lipid Profile)

ကိုယ်ခံစွမ်းအားနှင့် သွေးရည်ကြည်ဗေဒ (Immunology & Serology):

အသည်းရောင်အသားဝါ ဘီ၊ စီ ပိုး စစ်ဆေးခြင်း (Hepatitis B & C) HIV ပိုး စစ်ဆေးခြင်း လည်ပင်းကြီးဟော်မုန်း စစ်ဆေးခြင်း (Thyroid Function Test) အမျိုးသား/အမျိုးသမီး ဟော်မုန်းများ စစ်ဆေးခြင်း (Hormonal Profile)

အဏုဇီဝဗေဒ (Microbiology):

သွေး၊ ဆီး၊ သလိပ်နှင့် အခြားခန္ဓာကိုယ်မှထွက်သောအရည်များတွင် ပိုးမွေးခြင်းနှင့် ပိုးသတ်ဆေးတုံ့ပြန်မှု စစ်ဆေးခြင်း (Culture & Sensitivity)

တစ်ရှူးဗေဒ (Histopathology):

ခန္ဓာကိုယ်မှ အသားစနမူနာများအား ကင်ဆာဟုတ်/မဟုတ် စစ်ဆေးခြင်း (Biopsy) ခွဲစိတ်မှုဖြင့် ထုတ်လိုက်သော အသားစများအား စစ်ဆေးခြင်း

ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များ (Health Screening Packages):

အထွေထွေကျန်းမာရေး စစ်ဆေးခြင်း သက်ကြီးပိုင်း ကျန်းမာရေးစစ်ဆေးခြင်း အလုပ်မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း အစရှိသည့် သင့်လိုအပ်ချက်နှင့်ကိုက်ညီသော Package မျိုးစုံကိုလည်း စီစဉ်ပေးထားပါသည်။