ရွှေတော်ဝင်ဆေးရုံ

အတွင်းလူနာဌာန ဝန်ဆောင်မှု (Inpatient Service)

သင်၏ ကျန်းမာရေးပြန်လည်ကောင်းမွန်ရေးခရီးတွင် နေအိမ်၌ နားနေရသကဲ့သို့ နွေးထွေး၊ သက်တောင့်သက်သာရှိပြီး လုံခြုံစိတ်ချရသော ဝန်းကျင်တစ်ခုကို ပေးအပ်နိုင်ရန် ရွှေတော်ဝင်ဆေးရုံ၏ အတွင်းလူနာဌာနက အဆင်သင့်ရှိနေပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာအဆင့်မီ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုများနှင့် ဂရုဏာတရားထားသော ဝန်ဆောင်မှုများကို ပေါင်းစပ်ပြီး လူကြီးမင်းတို့ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစွာဖြင့် အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူကြီးမင်းတို့၏ ဆေးရုံတက်ရောက်ကုသမှု ကာလတစ်လျှောက် အကောင်းမွန်ဆုံးသော အတွေ့အကြုံကို ရရှိစေရန် ကျွန်ုပ်တို့ အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။

0-02-06-582dff99c59cdec1198784234a1514a99075274d8da333baf4060012b4544647_17e26a9895fdf68

Our Commitment to Care

ကျွန်ုပ်တို့၏ ကတိကဝတ်

ဆေးရုံတက်ရောက်ကုသမှုခံယူသည့် ကာလတစ်လျှောက် အကောင်းမွန်ဆုံးသော အတွေ့အကြုံကိုရရှိစေရန် ကျွန်ုပ်တို့က အောက်ပါအတိုင်း ကတိပြုပါသည်။

အနီးကပ်စောင့်ရှောက်ပေးမည့် ဆေးဘက်ဆိုင်ရာအဖွဲ့ (Dedicated Medical Team)

လူကြီးမင်း၏ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ရန် အထူးကုဆရာဝန်ကြီးများ၊ အတွေ့အကြုံရှိ တာဝန်ကျဆရာဝန်များနှင့် ကျွမ်းကျင်သူနာပြုများက ၂၄ နာရီပတ်လုံး အသင့်ရှိနေပါသည်။ လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို နားလည်ပြီး နွေးထွေးစွာဖြင့် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးပါသည်။

လူနာဘေးကင်းလုံခြုံမှု (Patient Safety)

လူနာများ၏ ဘေးကင်းလုံခြုံမှုသည် ကျွန်ုပ်တို့၏ အဓိကဦးစားပေးဖြစ်ပါသည်။ အခန်းတိုင်းတွင် အရေးပေါ်ခေါင်းလောင်းစနစ် (Nurse Call System) တပ်ဆင်ထားပြီး၊ နိုင်ငံတကာအဆင့်မီ ပိုးမွှားကူးစက်မှု ထိန်းချုပ်ရေး (Infection Control) စနစ်များကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ပါသည်။

သက်တောင့်သက်သာရှိသော နေထိုင်မှု (Comfortable & Healing Environment)

လူနာများ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန် အခန်းတိုင်းကို သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိအောင် စီစဉ်ထားပါသည်။ အခန်းအမျိုးအစားအလိုက် လေအေးပေးစက်၊ ရေပူရေအေးပါဝင်သော သီးသန့်ရေချိုးခန်း၊ တီဗီ၊ အင်တာနက် Wi-Fi နှင့် အခြားသာယာမှုများ ပြည့်စုံစွာပါဝင်ပါသည်။

ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု (Holistic Care)

ကုသမှုပေးနေစဉ်အတွင်း လိုအပ်သော ဓာတ်ခွဲစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းနှင့် ဆေးဝါးများရရှိရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဝန်ဆောင်မှုပေးသည့်အပြင်၊ လူနာ၏ကျန်းမာရေးအခြေအနေနှင့်ကိုက်ညီသော အာဟာရပြည့်ဝသည့် အစားအစာများကိုလည်း စီစဉ်ပေးပါသည်။

Our Room Types

လူနာအခန်းအမျိုးအစားများ

လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် နှစ်သက်မှုအလိုက် ရွေးချယ်နိုင်ရန် အခန်းအမျိုးအစားမျိုးစုံကို စီစဉ်ပေးထားပါသည်

VIP / Suite အခန်း

  • ၁။Bath & WC Room၊ ရေချိုးခန်း၊အိမ်သာတွဲလျက်ပါရှိပါသည်။
  • ၂။Television LCD 50″ Google TV (Skynet, Digital Channels)
  • ၃။Refrigerator၊ ရေခဲသေတ္တာ
  • ၄။Wifi Free
  • ၅။ Dining Table & Chairs
  • ၆။ 1 L-shaped Sofa
  • ၇။ 1 Sofa Bed for Patient Attendance၊ လူနာစောင့်အတွက်ထိုင်လို့လဲရအိပ်လို့လဲရသောထိုင်ခုံတစ်ခုံ
  • ၈။ဗီဒိုအကြီးတစ်ခု
  • ၉။နေ့စဉ်တစ်ကိုယ်ရည်သုံးရေချိုးခန်းသုံးပစ္စည်းများ

တစ်ယောက်ခန်း (Single Room)

  • ၁။Bath & WC Room၊ ရေချိုးခန်း၊အိမ်သာတွဲလျက်ပါရှိပါသည်။
  • ၂။Television LCD 32″ (Skynet, Digital Channels)
  • ၃။Refrigerator၊ ရေခဲသေတ္တာ
  • ၄။Wifi Free
  • ၅။ Dining Table & Chairs
  • ၆။ 1 Sofa
  • ၇။ 1 Sofa Bed for Patient Attendance၊ လူနာစောင့်အတွက်ထိုင်လို့လဲရအိပ်လို့လဲရသောထိုင်ခုံတစ်ခုံ
  • ၈။ဗီဒိုအကြီးတစ်ခု
  • ၉။နေ့စဉ်တစ်ကိုယ်ရည်သုံးရေချိုးခန်းသုံးပစ္စည်းများ

ငါးယောက်ခန်း (General Ward)

  • ၁။ Television LCD (shared) (Skynet, Digital Channels)
  • ၂။ Wifi Free
  • ၃။ 1 Sofa Bed for Patient Attendance၊ လူနာစောင့်အတွက်ထိုင်လို့လဲရအိပ်လို့လဲရသောထိုင်ခုံတစ်ခုံ
  • ၄။Aircondition
  • ၅။ Bedside ဗီဒိုအသေးတစ်လုံး

Admission Process

ဆေးရုံတက်ရောက်ရန် အဆင့်ဆင့်

၁။ ဆရာဝန်၏ ညွှန်ကြားချက်

ပြင်ပလူနာဌာန သို့မဟုတ် အရေးပေါ်ဌာနမှ ဆရာဝန်က ဆေးရုံတက်ရောက်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ညွှန်ကြားခြင်း။

၂။ အတွင်းလူနာလက်ခံဌာန (Admission Counter)

လူနာ သို့မဟုတ် လူနာရှင်က အတွင်းလူနာလက်ခံကောင်တာတွင် လိုအပ်သောစာရွက်စာတမ်းများဖြည့်စွက်ခြင်း၊ အခန်းအမျိုးအစားရွေးချယ်ခြင်းနှင့် စပေါ်ငွေပေးသွင်းခြင်းတို့ကို ပြုလုပ်ရန်။

၃။ အခန်းသို့ ပို့ဆောင်ခြင်းနှင့် ပြုစုမှုစတင်ခြင်း

ဝန်ထမ်းများက လူနာအား သက်ဆိုင်ရာအခန်းသို့ ပို့ဆောင်ပေးပြီးနောက် တာဝန်ကျသူနာပြုက အခန်းတွင်းသုံးပစ္စည်းများနှင့် အရေးပေါ်ခေါင်းလောင်းစနစ်အသုံးပြုပုံကို ရှင်းပြပြီး လိုအပ်သော ပြုစုစောင့်ရှောက်မှုများကို စတင်ပေးပါသည်။

၄။ ဆေးရုံမှဆင်းခြင်း (Discharge Process)

လူနာ၏ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီး ဆရာဝန်က ဆေးရုံမှဆင်းခွင့်ပြုသည့်အခါ ငွေစာရင်းရှင်းလင်းခြင်း၊ အိမ်တွင်လိုက်နာရမည့်အချက်များနှင့် သောက်သုံးရမည့်ဆေးဝါးများအကြောင်း ရှင်းလင်းမှာကြားခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးပါသည်။

အခန်းကြိုတင်မှာယူရန်နှင့် စုံစမ်းမေးမြန်းရန်

အတွင်းလူနာဌာန၊ အခန်းအမျိုးအစားများနှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address:

အမှတ်(၁၀/ဘီ)၊ ဦးဝိစာရလမ်း၊ (၄၁)တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

Email:

contact@stwhospital.com

Phone:

၀၉၇ ၉၉၉၉ ၂၃၄၂ ၀၉၇ ၉၉၉၉ ၂၃၄၃