pexels-photo-417273.jpeg

အစာအိမ်နှင့်အူလမ်းကြောင်းသမားတော်ကြီးများ

ရွှေတော်ဝင်ဆေးရုံကြီး၏ အစာအိမ်နှင့် အူလမ်းကြောင်းသမားတော်ကြီးများမှ  လူနာများကို နွေးထွေးစွာ ကုသပေးနေပါသည်။  အစာအိမ်နှင့် အူလမ်းကြောင်းတို့တွင် ဖြစ်ပွားတတ်သော ရောဂါအမျိုးမျိုးကို ရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကာကွယ်ခြင်းတို့အတွက် အထူးပြုဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

 အတွေ့အကြုံရင့်ကျက်သော အစာအိမ်နှင့်အူလမ်းကြောင်းသမားတော်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများက နောက်ဆုံးပေါ်ဆေးပညာ နည်းပညာများ၊ ခေတ်မီမှန်ပြောင်းကိရိယာများကို အသုံးပြု၍ တိကျမှန်ကန်သော ရောဂါရှာဖွေမှုနှင့် ထိရောက်သော ကုသမှုများကို ပေးအပ်နိုင်ရန် အစဉ်အသင့်ရှိနေပါသည်။

သင်၏ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းကျန်းမာရေးအတွက် ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ရက်ချိန်းကြိုတင်ရယူနိုင်ပါသည်။ သင်၏ အခြေအနေနှင့်ကိုက်ညီသော အကောင်းဆုံး စစ်ဆေးကုသမှုများကို အကြံဉာဏ်ပေးရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။

ဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူရန်

သင်၏ကျန်းမာရေးပြဿနာများအတွက် အစာအိမ်နှင့်အူလမ်းကြောင်းဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ရက်ချိန်းကြိုတင်ရယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများမှ သင့်အတွက် အဆင်ပြေမည့်အချိန်ကို စီစဉ်ပေးပြီး လိုအပ်သောလမ်းညွှန်မှုများကို ကူညီဆောင်ရွက်ပေးသွားပါမည်။

ဆက်သွယ်ရန်:

  • Hotline: ၀၉၇ ၉၉၉၉ ၂၃၄၂၊ ၀၉၇ ၉၉၉၉ ၂၃၄၃

  • လိပ်စာ: အမှတ်(၁၀/ဘီ)၊ ဦးဝိစာရလမ်း၊ (၄၁)တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

  • Website: www.stwhospital.com

သင်၏ အစာခြေစနစ် ကျန်းမာရေးအတွက် အဆင့်မြင့်ပြီး ပြည့်စုံသော စောင့်ရှောက်မှု

အဓိက ဝန်ဆောင်မှုများ

၀၁

အစာအိမ်နှင့် အစာမျိုပြွန်ဆိုင်ရာ ရောဂါမျာ

  • အစာအိမ်လေပူတက်ခြင်း (GERD)

  • အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း (Gastritis & Peptic Ulcer)

  • Helicobacter pylori ပိုးမွှားကူးစက်မှု

  • အစာမျိုရခက်ခဲခြင်း

၀၂

အူလမ်းကြောင်းဆိုင်ရာ ရောဂါများ

    • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း နှင့် အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သောရောဂါ (Irritable Bowel Syndrome – IBS)

    • အူမကြီးရောင်ရမ်းသောရောဂါများ (Inflammatory Bowel Disease – IBD)

    • အူမကြီးတွင် အသားပိုများဖြစ်ခြင်း (Colon Polyps)

၀၃

အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာများ

  • စောစီးစွာသိရှိနိုင်ရန် စစ်ဆေးခြင်း၊ ရောဂါအမည်တပ်ခြင်း နှင့် ကုသမှုများအတွက် လမ်းညွှန်ပေးခြင်း။

၀၄

မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Endoscopy Services)

  • လူနာများ သက်တောင့်သက်သာရှိစေရန် မေ့ဆေးအကူအညီဖြင့် နာကျင်မှုမရှိသလောက်နည်းပါးစွာ စစ်ဆေးပေးပါသည်။

    • အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Gastroscopy / OGD): အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်တို့ကို ကြည့်ရှုစစ်ဆေးခြင်း၊ ရောဂါရှာဖွေရန် အသားစနမူနာယူခြင်း (Biopsy) နှင့် H. pylori ပိုး စစ်ဆေးခြင်း။

    • အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Colonoscopy): အူမကြီးတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးခြင်း၊ အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်ရန် အသားပိုများ (Polyps) ကို တစ်ခါတည်း ဖြတ်တောက်ဖယ်ရှားပေးခြင်း။

၀၅

အူမကြီးကင်ဆာကို ကြိုတင်ကာကွယ် စစ်ဆေးခြင်း

  • အူမကြီးကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အသက် ၄၅ နှစ်နှင့်အထက် လူကြီးမင်းများနှင့် မိသားစုအတွင်း အူမကြီးကင်ဆာ ဖြစ်ဖူးသူရှိပါက ရောဂါလက္ခဏာမရှိသော်လည်း အူမကြီးမှန်ပြောင်း (Colonoscopy) ကို ပုံမှန်စစ်ဆေးသင့်ပါသည်။

အစာအိမ်နှင့်အူလမ်းကြောင်းသမားတော်ကြီးများအချိန်စာရင်း

ဆရာဝန်ကြီးအမည်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးသောကြာစနေတနင်္ဂနွေ
ဒေါက်တာ စုစုလတ်
M.B.,B.S,M.Med.Sc(Internal Medicine)MRCP(UK)
Postgraduate Diploma in Gastroenterology (Queen Mary University of London)
Speciality Certificate in Gastroenterology (Royal College of Physicians,UK)
အထွေထွေ၊အသည်း၊အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး
မနက်၉နာရီခွဲမနက်၉နာရီခွဲမနက်၉နာရီခွဲမနက်၉နာရီခွဲမနက်၉နာရီခွဲမနက်၉နာရီခွဲမနက်၉နာရီခွဲ
ဒေါက်တာ ဇေယျာလွင်
M.B.,B.S,M.Med.Sc(Interanl Medicine) Dr.Med.Sc (Gastroenterology)
Department of Gastroenterology Yangon General Hospital
အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုသမားတော်
ညနေ၆နာရီညနေ၆နာရီညနေ၆နာရီညနေ၆နာရီညနေ၆နာရီညနေ၆နာရီညနေ၆နာရီ
ဒေါက်တာ လက်ျာဖြိုးဟန်
M.B.,B.S, M.Med.Sc(Internal Medicine)
Dr. Med.Sc (Gastroenterology)
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုသမားတော်
ညနေ၄နာရီခွဲညနေ၄နာရီခွဲညနေ၄နာရီခွဲညနေ၄နာရီခွဲညနေ၄နာရီခွဲညနေ၄နာရီခွဲညနေ၄နာရီခွဲ