ရွှေတော်ဝင်ဆေးရုံ

ခေတ်မီပြီး လုံခြုံစိတ်ချရသော ခွဲစိတ်ကုသမှုဌာန (Operation Theater)

ရွှေတော်ဝင်ဆေးရုံ၏ ခွဲစိတ်ကုသမှုဌာနသည် လူကြီးမင်းတို့၏ ကျန်းမာရေးပြန်လည်ကောင်းမွန်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ခွဲစိတ်ခန်းတိုင်းကို နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ထားပြီး၊ အတွေ့အကြုံရင့်ကျက်သော ခွဲစိတ်ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကုများနှင့် ကျွမ်းကျင်သူနာပြုများဖြင့် ဖွဲ့စည်းထားသောကြောင့် မည်သည့်ခွဲစိတ်မှုကိုမဆို ယုံကြည်စိတ်ချစွာ ခံယူနိုင်ပါသည်။

ကျွန်ုပ်တို့၏ ခွဲစိတ်ကုသမှုဌာန (Our Surgical Center)

လူနာများ၏ ဘေးကင်းလုံခြုံမှုနှင့် ခွဲစိတ်မှုအောင်မြင်ရေးသည် ကျွန်ုပ်တို့၏ အဓိကတာဝန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ခွဲစိတ်ခန်းများကို နောက်ဆုံးပေါ်နည်းပညာများ၊ တင်းကျပ်သော ပိုးမွှားကင်းစင်မှု စံနှုန်းများနှင့် အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ဆင်ထားသော စနစ်များဖြင့် ပြီးပြည့်စုံစွာ တပ်ဆင်ထားပါသည်။

ဘာကြောင့် ရွှေတော်ဝင် ခွဲစိတ်ဌာနကို ယုံကြည်စိတ်ချသင့်သလဲ။

  • ခေတ်မီ ခွဲစိတ်ခန်းများ (Modern Theaters): ကျွန်ုပ်တို့၏ ခွဲစိတ်ခန်းများသည်  ထိန်းချုပ်ထားသောကြောင့် ပိုးမွှားကင်းစင်သော ပတ်ဝန်းကျင်ကို အာမခံပါသည်။

  • နောက်ဆုံးပေါ် ခွဲစိတ်ကိရိယာများ (Advanced Surgical Technology): အသေးဆုံးသော ခွဲစိတ်မှုများအတွက်ပင် တိကျသေချာစေရန်  နောက်ဆုံးပေါ် ခွဲစိတ်ကိရိယာများကို အသုံးပြုထားပါသည်။

    • Full HD Laparoscopic Tower (မှန်ပြောင်းဖြင့်ခွဲစိတ်မှုအတွက် ကြည်လင်ပြတ်သားသော ကင်မရာပါရှိသော Laproscope)

    • C-Arm Machine (ခွဲစိတ်နေစဉ်အတွင်း ဓာတ်မှန်ဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်သော X-Ray)

    • ခေတ်မီမေ့ဆေးပေးစက်များနှင့် လူနာ၏အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်သောစက်များ (Advanced Anesthesia Workstations & Patient Monitors)

ဘာကြောင့် ရွှေတော်ဝင် ခွဲစိတ်ဌာနကို ယုံကြည်စိတ်ချသင့်သလဲ။

  • ကျွမ်းကျင်သော ခွဲစိတ်အဖွဲ့ (Expert Surgical Teams): ကျွန်ုပ်တို့၏ ခွဲစိတ်အဖွဲ့တိုင်းတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများနှင့် အထူးလေ့ကျင့်ထားသော ခွဲစိတ်ခန်းဝင် သူနာပြုများ ပါဝင်သောကြောင့် လူနာများအတွက် အကောင်းမွန်ဆုံးသော ကုသမှုကို ပေးစွမ်းနိုင်ပါသည်။

  • တင်းကျပ်သော ပိုးမွှားထိန်းချုပ်ရေး (Strict Infection Control): ခွဲစိတ်ခန်းသုံးပစ္စည်းများအားလုံးကို ဗဟိုပိုးသတ်ဌာန (CSSD) တွင် နိုင်ငံတကာအသိအမှတ်ပြု နည်းလမ်းများဖြင့် စနစ်တကျ ပိုးသတ်ထားပြီး တစ်ခါသုံးပစ္စည်းများကိုသာ အသုံးပြုသောကြောင့် ပိုးမွှားကူးစက်မှုကို အပြည့်အဝကာကွယ်ပေးပါသည်။

  • ၂၄ နာရီ အရေးပေါ်ခွဲစိတ်ဝန်ဆောင်မှု (24/7 Emergency Service): မတော်တဆထိခိုက်ဒဏ်ရာရခြင်းနှင့် အခြားအရေးပေါ်အခြေအနေများအတွက် ကျွန်ုပ်တို့၏ ခွဲစိတ်အဖွဲ့သည် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် အသင့်ရှိနေပါသည်။

Services

ကျွန်ုပ်တို့၏ ခွဲစိတ်ကုသမှု ဝန်ဆောင်မှုများ (Our Surgical Services)

ကျွန်ုပ်တို့သည် အထွေထွေခွဲစိတ်ကုသမှုမှသည် အထူးပြုခွဲစိတ်ကုသမှုများအထိ ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်-

အထွေထွေခွဲစိတ်ကုသမှု (General Surgery):

အူအတက်၊ အစာအိမ်၊ အသည်း၊ သည်းခြေအိတ်၊ လည်ပင်းကြီးအကျိတ် နှင့် အူကျွံခြင်းဆိုင်ရာ ခွဲစိတ်မှုများ။

မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (Laparoscopic "Keyhole" Surgery)

သည်းခြေအိတ်ထုတ်ခြင်း၊ အူအတက်ဖြတ်ခြင်း အစရှိသည်တို့ကို ဗိုက်ခွဲရာအကြီးကြီးမလိုဘဲ အပေါက်ငယ်များမှတစ်ဆင့် ခွဲစိတ်ခြင်း။

အရိုး၊ အကြောနှင့် ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသမှု (Orthopedic & Trauma Surgery)

အရိုးကျိုးခြင်း၊ အဆစ်အစားထိုးခြင်း၊ အကြောအရွတ်ဆိုင်ရာ ခွဲစိတ်မှုများ။

သားဖွားနှင့်မီးယပ် ခွဲစိတ်ကုသမှု (Obstetrics & Gynecology)

ဗိုက်ခွဲမွေးခြင်း၊ သားအိမ်ထုတ်ခြင်း၊ သားအိမ်အလုံးထုတ်ခြင်းနှင့် အခြားမီးယပ်ဆိုင်ရာ ခွဲစိတ်မှုများ။

ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှု (Urology Surgery)

ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်းနှင့် အခြားဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှုများ။

နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ကုသမှု (ENT Surgery)

အာသီးဖြတ်ခြင်း၊ ထိပ်ကပ်နာနှင့် အခြား နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ခွဲစိတ်မှုများ။

လူနာများအတွက် စောင့်ရှောက်မှု

ခွဲစိတ်မှုမပြုလုပ်မီ (Pre-operative Care)

လူနာသည် ခွဲစိတ်မှုမခံယူမီ သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့နှင့် တိုင်ပင်ဆွေးနွေးရပါမည်။ လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ပြီး လူနာ၏အခြေအနေသည် ခွဲစိတ်ရန် အသင့်တော်ဆုံးဖြစ်နေစေရန် ပြင်ဆင်ပေးပါသည်။

ခွဲစိတ်မှုပြုလုပ်ခြင်း (During Surgery)

ခွဲစိတ်မှုတစ်လျှောက်လုံး မေ့ဆေးဆရာဝန်ကြီးက လူနာ၏ သွေးခုန်နှုန်း၊ အောက်ဆီဂျင်ပမာဏ၊ သွေးပေါင်ချိန် အစရှိသည်တို့ကို အနီးကပ်စောင့်ကြည့်ပေးပါသည်။

ခွဲစိတ်ပြီးနောက် (Post-operative Care)

ခွဲစိတ်ပြီးနောက် လူနာများအား သီးသန့်ပြန်လည်သတိရခန်း (Recovery Room) တွင် အထူးကြပ်မတ်ကုသဆောင်၌ကဲ့သို့ စောင့်ရှောက်မှုပေးပါသည်။ လူနာအခြေအနေတည်ငြိမ်မှသာ သက်ဆိုင်ရာလူနာခန်းသို့ ပို့ဆောင်ပေးပြီး နာကျင်မှုသက်သာစေရန်နှင့် အမြန်ဆုံးပြန်လည်ကျန်းမာလာစေရန် ကျွန်ုပ်တို့၏ သူနာပြုများက စဉ်ဆက်မပြတ် ဂရုစိုက်ပေးပါသည်။

ခွဲစိတ်မှုဆိုင်ရာ စုံစမ်းမေးမြန်းရန်

ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းယူ၍ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၀၉၇ ၉၉၉၉ ၂၃၄၂၊ ၀၉၇ ၉၉၉၉ ၂၃၄၃

အမှတ်(၁၀/ဘီ)၊ ဦးဝိစာရလမ်း၊ (၄၁)တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

Photos Gallery