pexels-photo-417273.jpeg

ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ

ရွှေတော်ဝင်ဆေးရုံတွင် ခေတ်မီနည်းပညာများအပြင် အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်သော ကျောက်ကပ်အထူးကုဆရာဝန်ကြီးများက ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများအတွက် စနစ်တကျနဲ့ အကောင်းဆုံးကုသမှုများ ပေးနေပါတယ်။ လူနာများရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်အောင် ဂရုတစိုက်စောင့်ရှောက်ပေးနေပါတယ်။

ဘာကြောင့် ရွှေတော်ဝင်ဆေးရုံကို ရွေးချယ်သင့်သလဲ။

  • ကျွမ်းကျင်ပိုင်နိုင်မှု – ရောဂါရှာဖွေကုသရာမှာ အတွေ့အကြုံအများကြီးရှိတဲ့ ကျောက်ကပ်အထူးကုဆရာဝန်ကြီးများက လူနာများကို စိတ်ရှည်လက်ရှည်ကုသပေးပါတယ်။

  • ခေတ်မီနည်းပညာများ – ကျောက်ကပ်ရောဂါရှာဖွေစစ်ဆေးမှုများနဲ့ ကုသမှုများအတွက် နောက်ဆုံးပေါ်စက်ကိရိယာများကို အသုံးပြုထားပါတယ်။

  • ပြည့်စုံသောစောင့်ရှောက်မှု – ရောဂါရှာဖွေစစ်ဆေးခြင်းမှ ကုသခြင်းအထိ တစ်နေရာတည်းမှာပြည့်စုံတဲ့ ဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။

ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူရန်

သင်၏ကျန်းမာရေးပြဿနာများအတွက် ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးလိုပါက ရက်ချိန်းကြိုတင်ရယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများမှ သင့်အတွက် အဆင်ပြေမည့်အချိန်ကို စီစဉ်ပေးပြီး လိုအပ်သောလမ်းညွှန်မှုများကို ကူညီဆောင်ရွက်ပေးသွားပါမည်။

ဆက်သွယ်ရန်:

  • Hotline: ၀၉၇ ၉၉၉၉ ၂၃၄၂၊ ၀၉၇ ၉၉၉၉ ၂၃၄၃

  • လိပ်စာ: အမှတ်(၁၀/ဘီ)၊ ဦးဝိစာရလမ်း၊ (၄၁)တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

  • Website: www.stwhospital.com

ကျောက်ကပ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် စိုးရိမ်ပူပန်နေပါသလား။ ယုံကြည်စိတ်ချရတဲ့ ရွှေတော်ဝင်ဆေးရုံမှ ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနဲ့ လာရောက်ပြသပြီး စိတ်ချယုံကြည်စွာ ကုသမှုခံယူနိုင်ပါတယ်။

အဓိက ဝန်ဆောင်မှုများ

၀၁

ကျောက်ကပ်ရောဂါများ စမ်းသပ်ကုသခြင်း

    • နာတာရှည်ကျောက်ကပ်ရောဂါများ၊ ကျောက်ကပ်ရောင်ရမ်းခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ကို ခေတ်မီစက်ကိရိယာများနဲ့ စမ်းသပ်စစ်ဆေးပြီး ကုသပေးပါတယ်။

၀၂

ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ

  • ဆီးပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်း၊ ဆီးသွားရခက်ခဲခြင်း စတဲ့ပြဿနာများကို ရှာဖွေပြီး ကုသပေးပါတယ်။

၀၃

ဆီးချို၊ သွေးတိုးကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါများ

  • ဆီးချို၊ သွေးတိုးကြောင့် ဖြစ်ပွားလာတဲ့ ကျောက်ကပ်ရောဂါများကို အထူးဂရုပြုပြီး ကုသမှုနဲ့ အကြံဉာဏ်များ ပေးပါတယ်။

၀၄

ကျောက်ကပ်ကို ထိခိုက်စေသော အခြားရောဂါများကို ထိန်းချုပ်ခြင်း

    • ထိန်းရခက်သော သွေးတိုးရောဂါ: သွေးတိုးသည် ကျောက်ကပ်ရောဂါကို ဖြစ်စေသလို၊ ကျောက်ကပ်ရောဂါကြောင့်လည်း သွေးတိုးရောဂါ ပိုဆိုးလာနိုင်သည်။ Nephrologist များသည် သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးသည်။

    • ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ခြင်း (Diabetic Nephropathy): ဆီးချိုလူနာများ၏ ကျောက်ကပ်ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ပြီး ပျက်စီးမှုနည်းနိုင်သမျှ နည်းအောင် ကာကွယ်ပေးသည်။

    • ဓာတ်ဆားဓာတ် မညီမျှမှုများ (Electrolyte Imbalances): ခန္ဓာကိုယ်တွင်းရှိ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်ကဲ့သို့သော ဓာတ်ဆားဓာတ်များ ပုံမှန်မဟုတ်ခြင်းကို ပြန်လည်ထိန်းညှိပေးသည်။

၀၄

ကျောက်ကပ်ကျန်းမာရေးဆိုင်ရာအကြံဉာဏ်ပေးခြင်း

  • ကျောက်ကပ်ရောဂါမဖြစ်ပွားအောင် ကာကွယ်နည်းများနဲ့ ကျောက်ကပ်ကျန်းမာရေးကောင်းမွန်အောင် နေထိုင်စားသောက်ရမယ့် နည်းလမ်းတွေကိုလည်း အသေးစိတ်ရှင်းပြပေးပါတယ်။

ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ

ဆရာဝန်ကြီးအမည်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးသောကြာစနေတနင်္ဂနွေ
တွဲဘက်ပါမောက္ခဦးကျော်ဆန်းလွင်
M.B.,B.S, M.Med.Sc(Internal Medicine)
Dr. Med.Sc (Nephrology)
ဆီနှင့်ကျောက်ကပ်အထူးကုသမားတော်
ညနေ၄နာရီခွဲညနေ၄နာရီခွဲ
ဒေါက်တာ ကျော်ကျော်မျိုး
M.B.,B.S(Ygn) M.Med.Sc (Int Med)
M.R.C.P(UK) Dr.Med.Sc(Nephrology)
ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်
ညနေ၅နာရီခွဲညနေ၅နာရီခွဲညနေ၅နာရီခွဲညနေ၅နာရီခွဲ