ကလေးအထူးကုဆရာဝန်ကြီးများ
ရွှေတော်ဝင်ဆေးရုံကြီး၏ ကလေးကျန်းမာရေးစောင့်ရှောက်မှုဌာနမှ ရင်သွေးရတနာလေးများနှင့် မိဘများကို နွေးထွေးစွာ ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ မွေးကင်းစအရွယ်မှ ဆယ်ကျော်သက်အရွယ်အထိ ကလေးငယ်များအားလုံး၏ ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို အဆင့်အမြင့်ဆုံး ရရှိစေရန် ဘက်စုံစောင့်ရှောက်မှုပေးရန် ဖြစ်ပါသည်။
အတွေ့အကြုံရင့်ကျက်သော ကလေးအထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများက ကလေးငယ်များအတွက် သီးသန့်ဖန်တီးထားသော နွေးထွေးလုံခြုံသည့် ပတ်ဝန်းကျင်တွင် အကောင်းမွန်ဆုံးသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
ကလေးအထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူရန်
သင်၏ ရင်သွေးငယ်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်လိုပါက ရက်ချိန်းကြိုတင်ရယူနိုင်ပါသည်။ သင်၏ ကလေးအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်ရန် ကျွန်ုပ်တို့ အမြဲအသင့်ရှိနေပါသည်။
ဆက်သွယ်ရန်:
Hotline: ၀၉၇ ၉၉၉၉ ၂၃၄၂၊ ၀၉၇ ၉၉၉၉ ၂၃၄၃
လိပ်စာ: အမှတ်(၁၀/ဘီ)၊ ဦးဝိစာရလမ်း၊ (၄၁)တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
Website: www.stwhospital.com
ရွှေတော်ဝင်ဆေးရုံ – ကျန်းမာပျော်ရွှင်သော ကလေးဘဝမှ တောက်ပသော အနာဂတ်ဆီသို့။
အဓိက ဝန်ဆောင်မှုများ
၀၁
ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း (Well-Child Check-up)
ကလေးငယ်များ၏ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု မှန်ကန်စေရန်နှင့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပေးပါသည်။
ကိုယ်အလေးချိန်၊ အရပ်အမြင့် တိုင်းတာခြင်းနှင့် ဖွံ့ဖြိုးမှုမှတ်တိုင်များကို စစ်ဆေးအကဲဖြတ်ခြင်း။
အာဟာရလိုအပ်ချက်နှင့် မှန်ကန်သော အစားအသောက်ပုံစံများကို ဆွေးနွေးတိုင်ပင်ပေးခြင်း။
မိဘများသိရှိလိုသည့် ကလေးကျန်းမာရေးဆိုင်ရာ အခက်အခဲနှင့် မေးခွန်းများကို ဖြေကြားပေးခြင်း။
၀၂
ကာကွယ်ဆေးထိုးနှံခြင်း (Vaccination/Immunization)
အမျိုးသားကာကွယ်ဆေးထိုးစီမံချက်နှင့်အညီ ကလေးငယ်များအား ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ အစရှိသည့် ကာကွယ်နိုင်သောရောဂါများမှ ကင်းဝေးစေရန် ပြည့်စုံသော ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များကို ဆောင်ရွက်ပေးပါသည်။
၀၃
ကလေးအထွေထွေရောဂါများ ကုသခြင်း (General Paediatrics)
ကလေးများတွင် အဖြစ်များသော ဖျားနာခြင်း၊ ချောင်းဆိုး၊ အအေးမိခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ် နှင့် အခြားသော နာမကျန်းမှုအမျိုးမျိုးကို တိကျစွာ ရောဂါရှာဖွေ၍ ထိရောက်သော ကုသမှုများ ပေးပါသည်။
၀၄
ဖွံ့ဖြိုးမှုဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်း (Developmental Paediatrics)
စကားပြောနောက်ကျခြင်း၊ လမ်းလျှောက်နောက်ကျခြင်း။
အော်တစ်ဇင် (Autism) နှင့် အာရုံစူးစိုက်မှုအားနည်းခြင်း (ADHD) ကဲ့သို့သော ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို စောစီးစွာသိရှိနိုင်ရန် စစ်ဆေးခြင်းနှင့် လိုအပ်သော ကုထုံးပညာရှင်များထံသို့ လမ်းညွှန်ပေးခြင်း။
ကလေးအထူးကုဆရာဝန်ကြီးများအချိန်စာရင်း
| ဆရာဝန်ကြီးအမည် | တနင်္လာ | အင်္ဂါ | ဗုဒ္ဓဟူး | ကြာသပတေး | သောကြာ | စနေ | တနင်္ဂနွေ |
|---|---|---|---|---|---|---|---|
| ပါမောက္ခ ဦးဇော်မင်းထွေး M.B.,B.S,M.Med.Sc(Paed) MRCPCH(UK),FRCPCH(UK) Dr.Med.Sc(Paed) Dip.Med.Ed ကလေးအထူးကုဆရာဝန်ကြီး | ညနေ၆နာရီ | ညနေ၆နာရီ | ညနေ၆နာရီ | ညနေ၆နာရီ | ညနေ၆နာရီ | ညနေ၆နာရီ | ညနေ၆နာရီ |
| ဒေါက်တာ ခင်ခင်ထား M.B.,B.S,M.Med.Sc(Paediatric) ကလေးအထူးကုဆရာဝန်ကြီး | နေ့လည်၁၂နာရီ | နေ့လည်၁၂နာရီ | နေ့လည်၁၂နာရီ | နေ့လည်၁၂နာရီ | နေ့လည်၁၂နာရီ | နေ့လည်၁၂နာရီ | နေ့လည်၁၂နာရီ |
| ဒေါက်တာ မြတ်စန္ဒာ M.B.,B.S,M.Med.Sc(Paed) ကလေးအထူးကုဆရာဝန် | မနက်၁၀နာရီ | ||||||
| ဒေါက်တာ အောင်ဆွေမြင့် M.B.,B.S,M.Med.Sc(Paed) ကလေးအထူးကုဆရာဝန်ကြီး | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ |
| ဒေါက်တာ ဇေယျာလင်း M.B.,B.S,M.Med.Sc(Paediatric) ကလေးအထူးကုဆရာဝန် | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ |
| ဒေါက်တာ သက်တင်ငြိမ်း M.B.,B.S,M.Med.Sc (Paed)M.R.C.P.H (UK) ကလေးအထူးကုဆရာဝန်ကြီး | ညနေ၅နာရီခွဲ | ညနေ၅နာရီခွဲ | ညနေ၅နာရီခွဲ | ||||
| ဒေါက်တာ နွေးအိဖြူ M.B.,B.S(Ygn),M.Med.Sc(Paed:)Dr.Med.Sc(Neonatology) ကလေးအထူးကုဆရာဝန်၊ မွေးကင်းစဆောင်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး | ညနေ၅နာရီခွဲ | ညနေ၅နာရီခွဲ | |||||
| ဒေါက်တာ တင်ထွန်းအောင် M.B.,B.S.Dip.Med.Sc(Paediatrics) M.Med.Sc(Paediatrics) ကလေးအထူးကုဆရာဝန် | ညနေ၄နာရီခွဲ | မနက်၁၀နာရီ | |||||
| ဒေါက်တာရဲမျိုးသိန်း M.B.,B.S,M.Med.Sc(Paed) ကလေးအထူးကုဆရာဝန် | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ | ညနေ၄နာရီ |
| ဒေါက်တာ စိုင်းကျော်မင်းထွန်း M.B.,B.S,M.Med.Sc(Paed) ကလေးအထူးကုဆရာဝန် | မနက်၈နာရီ | မနက်၈နာရီ | မနက်၈နာရီ | မနက်၈နာရီ | မနက်၈နာရီ | မနက်၈နာရီ | မနက်၈နာရီ |
| ဒေါက်တာစန်းစန်းမေ M.B.,B.S, M.Med.Sc (Pediatric), MRCPCH ကလေးအထူးကုဆရာဝန် | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ |
| ဒေါက်တာချောခင်ခင် M.B.,B.S,M.Med.Sc(Paed) ကလေးအထူးကုဆရာဝန် | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ | ညနေ၄နာရီခွဲ |