ကျောက်ကပ်ကျောက်တည်ခြင်းဆိုသည်မှာ ဆီးထဲရှိ ဓာတ်ဆားများ (ကယ်လ်စီယမ်၊ ယူရစ်အက်စစ်၊ အောက်ဆလိတ်) စုပြီး မာကျောလာကာ ကျောက်ကပ်၊ ဆီးလမ်းကြောင်း သို့မဟုတ် ဆီးအိမ်တွင် အနည်အနှစ်အဖြစ် စုပုံလာတာပဲဖြစ်ပါတယ်။
ဒီစုပုံလာတဲ့ကျောက်တွေဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး သေးငယ်ပါက ဆီးနှင့်အတူ သူ့အလိုလိုထွက်သွားနိုင်ပေမယ့် ကြီးမားပါက ပြင်းထန်သောနာကျင်မှုကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ်ကျောက်တည်ရသည့် အကြောင်းရင်းများစွာရှိပေမယ့် အဓိကအကြောင်းအရင်းတွေကတော့
ကျောက်ကပ်ကျောက်တည်ခြင်းကို ခံစားရပါက-
ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသဖို့အတွက် ကျောက်အရွယ်အစားပေါ်မူတည်ပြီး ဆေးသောက်ပြီး ကုသနိုင်သလို ၊ခွဲစိတ်ဖို့လိုအပ်ရင်လည်း ခွဲစိတ်ကုသပြီးပျောက်ကင်းနိုင်ပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်းဟာ နာကျင်မှုရှိပေမယ့် သေချာကုသမှုခံယူရင်တော့ သက်သာနိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
ဒါ့ကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကို မပေါ့ဆဘဲ စောစီးစွာကုသဖို့ ရွှေတော်ဝင်အထူးကုဆေးရုံက တိုက်တွန်းလိုက်ပါတယ်နော်

