ကျောက်ကပ်ကျောက်တည်ခြင်း
ကျောက်ကပ်ကျောက်တည်ခြင်းဆိုသည်မှာ ဆီးထဲရှိ ဓာတ်ဆားများ (ကယ်လ်စီယမ်၊ ယူရစ်အက်စစ်၊ အောက်ဆလိတ်) စုပြီး မာကျောလာကာ ကျောက်ကပ်၊ ဆီးလမ်းကြောင်း သို့မဟုတ် ဆီးအိမ်တွင် အနည်အနှစ်အဖြစ် စုပုံလာတာပဲဖြစ်ပါတယ်။ ဒီစုပုံလာတဲ့ကျောက်တွေဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး သေးငယ်ပါက ဆီးနှင့်အတူ သူ့အလိုလိုထွက်သွားနိုင်ပေမယ့် ကြီးမားပါက ပြင်းထန်သောနာကျင်မှုကို ခံစားရနိုင်ပါတယ်။ကျောက်ကပ်ကျောက်တည်ရသည့် အကြောင်းရင်းများစွာရှိပေမယ့် အဓိကအကြောင်းအရင်းတွေကတော့ ရေသောက်နည်းခြင်းအငံအစားများခြင်းမျိုးရိုးလိုက်ခြင်းသိုင်းရွိုက်ဟော်မုန်းများခြင်းဆီးချိုရောဂါနဲ့ဝက်ခြံဆေးသောက်ခြင်း တို့ပဲဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကို ခံစားရပါက-ခါးတစ်ဖက်တည်းတွင် ပြင်းပြင်းထန်ထန် နာကျင်ခြင်းဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးတွင် သွေးပါခြင်းပျို့အန်ခြင်း၊…